ကံ့ကော်ရွာတည်ထောင်ခြင်း
သက္ကရာဇ် (၆၁၇)ခုနှစ်၊ ပြာသိုလဆန်း (၆)ရက်၊ ကြာသပတေးနေ့တွင် နန်းတက်သော ပုဂံပြည် နရသီဟပတေ့မင်းလက်ထက် မုတ္တမစား ငရွှေနှင့် မစ္ဆဂီရိစားတို့ သောင်းကျန်းပုန်ကန်ကြကုန်၏။ အမတ်ကြီး ရာဇသင်္ကြန်ကို တိုက်ဆင် (၂၀၀)၊ မြင်း (၂၀၀၀)၊ စစ်သူရဲ (၂၀၀၀၀)နှင့် မုတ္တမသို့ စစ်ချီစေ၏။ အတွင်းသင်းမှူး သရေပစ္စတေ့ကိုလည်း တိုက်ဆင် (၂၀၀)၊ မြင်း (၂၀၀၀)၊ စစ်သူရဲ (၂၀၀၀၀)နှင့် မစ္ဆဂီရိသို့ စစ်ချီစေ၏။ အမတ်ကြီး ရာဇသင်္ကြန်မှာ မုတ္တမကိုနိုင်ပြီး သရေပစ္စတေ့မှာ အစီအမံပေါ့လျော့မှုကြောင့် မစ္ဆဂီရိကို ရှုံး၍ တပ်ပျက်ကာ ထွက်ပြေးရလေသည်။ ထိုအကြောင်းကို နရသီဟပတေ့မင်း သိသောအခါ ''စစ်ရှုံးသော စစ်သူကြီးမည်သည် လူ့ပြည်မှာ ရှိရာသလောဟု ကြီးစွာဒေါသထွက်၍ အမတ်ကြီးရာဇသင်္ကြန်၏သား ညောင်ဦးအုတ်လှကို သရေပစ္စတေ့အား သတ်ချေ။ ကျန်သော ပြန်တမ်း၀င် ဗိုလ်ချုပ်၊ ဗိုလ်မှူး၊ စစ်ကဲ၊ စစ်မင်း၊ တပ်ကြပ်၊ တပ်သားတို့အား မီးလောင်တိုက်သွင်းစေ''ဟု အမိန့်ပေးလိုက်လေသည်။
ရာဇသင်္ကြန်အမတ်ကြီးသည် နရသီဟပတေ့မင်းအား အမျက်တော်ပြေစေအောင် လျှောက်ထားသောကြောင့် အမျက်တော်ပြေကာ အပြစ်ကိုလျှော့ပေါ့၍ ''ကံ့ကော်တော၊ ကလောတော၊ ချေးတော၊ ပိတောက်တော''ဟူသော သစ်တောလေးရပ်သို့ ပို့စေ၏။ သစ်တောလေးရပ်သို့ အပို့ခံရသော ဗိုလ်ချုပ်၊ ဗိုလ်မှူးတို့သည်။ ရွာတည်ထောင်ရန် ကြည့်ရှုကြရာ ရွှေပြည်ဆိပ်ဦးစေတီတော်နှင့် ရှေးအခါက ဧရာမမြွေကြီးတစ်ကောင်၏ အန္တရာယ်ပြုမှုကြောင့် ပျက်စီးနေသော မြို့ဟောင်းကြီးကို တွေ့ရှိကြသည်။ ထိုမြို့ဟောင်းနေရာ ကံ့ကော်တောကို ခုတ်ထွင်ရှင်းလင်း၍ ရွာတည်လေသည်။ ထိုကံ့ကော်တောရွာ၏ ရွာလယ်ခေါင်၌ ကံ့ကော်ပင်ကြီးတစ်ပင် ရှိလေရာ ရွာအမည်ကိုလည်း ''ကံ့ကော်ရွာ''ဟု အမည်ပေးလေသည်။
← နောက်သို့